ပထမအကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ်ဆိုင်ရာ အရာရှိကြီးများနှင့် ဆက်သွယ်ရေး ဥပဒေပြုသူများကောင်စီတို့၏ ခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေး (၂၀၂၂) အား အွန်လိုင်းဖြင့် ကျင်းပ

 

၂၀၂၂ ခုနှစ်အတွင်း ပထမအကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ်ဆိုင်ရာ အရာရှိကြီးများ နှင့် ဆက်သွယ်ရေးဥပဒေပြုသူများကောင်စီတို့၏ ခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေး (1st ADGSOM-ATRC Leaders’ Retreat Meeting 2022) အား ၂၀၂၂ ခုနှစ်၊ ဧပြီလ ၈ ရက် နေ့တွင် ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် Video Conferencing ဖြင့် နံနက် ၈:၀၀ နာရီတွင် စတင်ကျင်းပခဲ့ရာ အစည်းအဝေးသို့ ADGSOM Chair - ဦးစိုးသိန်း၊ အမြဲတမ်းအတွင်းဝန်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ATRC Leader - ဦးမျိုးဆွေ၊ ညွှန်ကြားရေးမှူးချုပ် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနတို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့မှ ပါဝင်တက်ရောက်ခဲ့ကြပါ သည်။

          အစည်းအဝေးတွင် ဗီယက်နမ်နိုင်ငံ၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားရေးမှူးချုပ် Mr. Trieu Minh Long (ADGSOM Leader) မှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ADGSOM Chair - အမြဲတမ်းအတွင်းဝန် နှင့် ဘရူနိုင်းနိုင်ငံ ATRC Chair တို့မှ အဖွင့်အမှာစကားအသီးသီး ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ADGSOM Chair ဖြစ်သည့် မြန်မာနိုင်ငံက ဦးဆောင်၍ အစည်းအဝေးအား ကျင်းပပါသည်။ အစည်းအဝေးတွင် 12th Meeting of the Committee of the Whole (12th CoW) အစည်းအဝေး၏ ရလာဒ်များအား အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တင်ပြခြင်း၊ ၂၀၂၂ ခုနှစ် အတွင်း ဆောင်ရွက်မည့်စီမံကိန်းများ၏ ခွင့်ပြုဘတ်ဂျတ်များအား အာဆီယံအိုင်စီတီစင်တာမှ တင်ပြခြင်း၊ ၂၀၂၂ ခုနှစ်အတွင်း ဆောင်ရွက်ရမည့် ဦးစားပေးလုပ်ငန်း အစီအစဉ်များ ဆွေးနွေးခြင်း၊ ၂၀၂၃ ခုနှစ်အတွင်း ဆောင်ရွက်မည့် Work Plan များအား ADGSOM-ATRC Project Scoring Criteria နှင့်အညီ စိစစ်ဆောင်ရွက်မှုဆွေးနွေးခြင်း၊ နိုင်ငံတကာဆက်သွယ်ရေးအဖွဲ့အစည်းများနှင့် ဆောင်ရွက်မည့်အစီအစဉ်များ၊ ဆွေးနွေးဖက်နိုင်ငံများနှင့် ၂၀၂၂ ခုနှစ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ စသည်တို့အား ဆွေးနွေးဆုံးဖြတ်ခဲ့ကြပြီး အစည်းအဝေးအား နေ့လယ် (၁၄:၀၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။