ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်လူမွန် Public Key Infrastructure (PKI) စနစ် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုနှင့် One Map Myanmar စီမံကိန်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေး

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်လူမွန်သည် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၃ ခုနှစ် ဧပြီလ ၂၁ ရက်နေ့ မွန်းလွဲ ၁း၃၀ နာရီ တွင် ဇမ္ဗူကျက်သရေလမ်း၊ ဇမ္ဗူသီရိမြို့နယ်ရှိ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာန၊ စက်မှုအဆောက်အဦ နှင့် e-Government ဌာန၊ Information Access Center (IAC) များသို့ သွားရောက်၍ Public Key Infrastructure (PKI) စနစ် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုနှင့် မြန်မာနိုင်ငံ အမျိုးသားမြေပုံစနစ် (One Map Myanmar) စီမံကိန်း လုပ်ငန်းများဆောင်ရွက်မှု အခြေ အနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်လူမွန်သည် အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာန၊ စက်မှု အဆောက်အဦသို့ ရှေးဦးစွာရောက်ရှိပြီး တာဝန်ရှိသူများမှ စက်မှုအဆောက်အဦ စက်ခန်း နေရာချထားမှုပုံစံများ၊ ဌာန၏ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်ဝတ္တရားများ၊ ဆိုက်ဘာလုံခြုံရေး မူဝါဒနှင့် ဆိုက်ဘာလုံခြုံရေး ဥပဒေတို့နှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဌာန၏ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများနှင့် Public Key Infrastructure (PKI) စနစ် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား  ရှင်းလင်းတင်ပြပါသည်။

ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက Public Key Infrastructure (PKI) စနစ်တွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုသွားနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန်၊ PKI စနစ်အား လုံခြုံစိတ်ချမှုရှိစေရေးအတွက် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ စောင့်ကြည့်၊ တုန့်ပြန်စနစ်များဖြင့် ဆောင်ရွက်ရန်၊ Certificate များနှင့် Token များအား နိုင်ငံတော် အစိုးရက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော စီမံကိန်းလုပ်ငန်းများ၌ လိုအပ် သလောက် အသုံးပြုနိုင်ရေးအတွက် ဦးစားပေးဆောင်ရွက်သွားရန်နှင့် ပြည်သူများအနေဖြင့် လည်း ၎င်းတို့၏ ရုံးလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများတွင် အီလက်ထရောနစ် သတင်း အချက်အလက်များကို လုံခြုံစိတ်ချစွာဖြင့်သုံးစွဲနိုင်ရေးအတွက် အသိပညာပေး ဆောင်ရွက်မှု များ လုပ်ဆောင်သွားရန် ဆွေးနွေးမှာကြားခဲ့ပါသည်။ ၎င်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊ စက်ပစ္စည်းများ တပ်ဆင်အသုံးပြု ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် One Map Myanmar စီမံကိန်း၏ Web Development လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန်အတွက် High Speed Internet Access နှင့် Computing Facilities များ ပံ့ပိုးပေးထားသည့် e-Government ဌာန၊ Information Access Center (IAC) သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများမှ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ဒုတိယဝန်ကြီးမှ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိပါသည်။