ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ မစ္စတာ အန်နာသိုလီ ဘူးလော့ချ်နိကော့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဇန်နဝါရီလ ၂၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အသင်း ဒုတိယဥက္ကဋ္ဌ မစ္စတာ အန်နာသိုလီ ဘူးလော့ချ်နိကော့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်နေ့၊ နေ့လယ်ပိုင်းက နေပြည်တော်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် () တွင် လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး စိန်ရတု နှစ်ပတ်လည် ကာလတွင် တွေ့ဆုံခွင့်ရသည့်အတွက် ဝမ်းမြောက်ပါကြောင်း ပြောကြားပြီး မြန်မာ-ရုရှား နှစ်နိုင်ငံ အကြား ကုန်းလမ်း၊ ရထား၊ ရေကြောင်း၊ လေကြောင်း၊ ဆိပ်ကမ်း စသော ပို့ဆောင်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာရှိသော လုပ်ငန်းများ၊ နှစ်နိုင်ငံအကြား တိုက်ရိုက်လေကြောင်း ခရီးစဉ် တိုးချဲ့ပျံသန်းရေး ကိစ္စရပ်များ၊ ဆက်သွယ်ရေးကဏ္ဍ ဒစ်ဂျစ်တယ် အခြေခံအဆောက်အဦ တည်ဆောက်ရာတွင် ပါဝင် ရင်းနှီးမြှုပ်နှံရေး၊ ဆိုက်ဘာလုံခြုံရေး၊ နိုင်ငံတော်အတွင်း လျှပ်စစ်ရထား၊ လျှပ်စစ်မော်တော်ယာဉ်များ အသုံးပြုရန် ဆောင်ရွက်လျက်ရှိမှုနှင့် ရင်းနှီးမြှုပ်နှံနိုင်မည့် အလားအလာများ၊ ပြည်တွင်းရေကြောင်းနှင့် ကမ်းရိုးတန်းသွားရေယာဉ် အသုံးပြုရေးဆိုင်ရာများ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးဆိုင်ရာများနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ကျွမ်းကျင်သူများအကြား ဆွေးနွေးရေးကိစ္စရပ်များကို ခင်မင်ရင်းနှီးစွာ နှစ်ဘက်အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

တွေ့ဆုံပွဲသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဌာနအကြီးအမှူးများ၊ ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန