ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (ဧရာဝတီဌာနခွဲ) မှ မန္တလေး-ဗန်းမော် သင်္ဘောခရီးစဉ်များ ပုံမှန်ပြေးဆွဲလျက်ရှိ

 

        ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ဧရာဝတီ ဌာနခွဲ(မန္တလေး)မှ မန္တလေး-ဗန်းမော် ခရီးလမ်းကို တစ်ပါတ်လျှင်(၂)ခေါက် (တနင်္လာ၊ ကြာသပတေး) နေ့တိုင်း ဂေါဝိန်ဆိပ်ကမ်းမှ နံနက် (၀၆:၀၀) နာရီတွင် ထွက်ခွါ၍ ပုံမှန်ပြေးဆွဲပေးလျက်ရှိပါသည်။

          ပြဒါးပျံ၊ ပင်လုံ၊ ပတိုင်း၊ ပိတောက်၊ ပေါက်တန်း စသည်ဖြင့် ပီကြီး/ပီလတ် အမျိုးအစား (၂ထပ်)ခရီးသည်နှင့်ကုန်တင်ဆောင်နိုင်သော သင်္ဘောများဖြင့် မန္တလေးမှစတင်ထွက်ခွာပြီး လမ်းခရီး ကျောက်မြောင်း၊ တကောင်း၊ ထီးချိုင့်၊ ကသာ၊ ရွှေကူမြို့များတွင် ခရီးသည်နှင့်ကုန်စည်များ အတက်/ ဆင်းပြုလုပ်နိုင်ရန် ရပ်နားပေးပြီး ခရီးဆုံး ဗန်းမော်သို့ ပြေးဆွဲပေးခြင်းဖြစ်ပါသည်။

          ၅-၄-၂၀၂၁ ရက် (တနင်္လာနေ့) နံနက် (၀၆:၀၀)နာရီတွင် မန္တလေး ဂေါဝိန်ဆိပ်ကမ်းမှ ပေါက်တန်း ရေယာဉ်သည် ခရီးသည်(၁၈)ဉီးနှင့် ကုန်(၁၁၄)တန်ကို တင်ဆောင်၍ ထွက်ခွာသွားပြီး လာမည့် ၈-၄-၂၀၂၁ ရက် (ကြာသပတေးနေ့) ထွက်ခွာမည့် ရေယာဉ်တွင် လိုက်ပါ စီးနင်းလိုသော ခရီးသည်များနှင့် ကုန်တင်ပို့လိုသူများအနေဖြင့် ဧရာဝတီဌာနခွဲရုံး ဖုန်း (၀၂-၄၀၃၆၀၃၅)နှင့် ဆိပ်ကမ်းမှူး ဖုန်း(၀၉-၄၄၄၆၅၃၁၃၁)သို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သတင်းကောင်းပါးအပ် ပါသည်။