ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း (၁၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ဖိုရမ်နှင့် ပြပွဲများသို့ တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ထွက်ခွာ

ရန်ကုန်၊ နိုဝင်ဘာလ(၁၃)ရက်

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဝန်ကြီး H.E. Mr. Vitaly Saveliev ၏ ဖိတ်ကြားချက်အရ နိုဝင်ဘာလ (၁၄)ရက်နေ့မှ (၁၉) ရက်နေ့အထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၌ ကျင်းပပြုလုပ်မည့် (၁၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ဖိုရမ်နှင့် Transport Week, 2022 ပြပွဲသို့ တက်ရောက်ရန် ယနေ့ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ မော်စကိုမြို့သို့ ထွက်ခွာသွားသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အတူ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ လိုက်ပါသွားကြပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန