မန္တလေး-ဗန်းမော် သင်္ဘောခရီးစဉ် ပုံမှန်ပြန်လည်ပြေးဆွဲ

          ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ဧရာဝတီ ဌာနခွဲ (မန္တလေး) မှ မန္တလေး-ဗန်းမော်ခရီးလမ်းကို ပုံမှန်ပြန်လည်ပြေးဆွဲလျက်ရှိရာ တစ်ပတ်လျှင် (၂) ခေါက် (တနင်္လာ၊ ကြာသပတေးနေ့များတွင်) ဂေါဝိန်ဆိပ်ကမ်းမှ  နံနက် (၆) နာရီတွင် ထွက်ခွာ ပေးလျက်ရှိပါသည်။

          ၂၉-၃-၂၀၂၁ ရက် (တနင်္လာနေ့)တွင် မန္တလေး-ဗန်းမော် ခရီးစဉ်ကို “ပင်လုံ”ရေယာဉ်ဖြင့် ခရီးသည် (၁၁) ဦးနှင့် ကုန်တန်ချိန် (၃၂) တန် သယ်ဆောင်၍ ပြေးဆွဲခဲ့ပြီး ဗန်းမော် - မန္တလေး ခရီးစဉ်အား “ပြဒါးပျံ” ရေယာဉ်ဖြင့် ခရီးသည် (၈) ဦးနှင့် ကုန်တန်ချိန် (၁၀) တန် သယ်ဆောင်၍ ပြေးဆွဲခဲ့ပါသည်။

          ၁-၄-၂၀၂၁ ရက် (ကြာသပတေးနေ့) နံနက် (၀၆:၀၀) နာရီတွင် ထွက်ခွာရန်လည်း “ပတိုင်း” ရေယာဉ် အဆင်သင့်ရှိပြီး ဖြစ်ပါသည်။

          မန္တလေးမှ ကျောက်မြောင်း၊ တကောင်း၊ ထီးချိုင့်၊ ကသာ၊ ရွှေကူ၊ ဗန်းမော်မြို့များသို့ လိုက်ပါ စီးနင်းလိုသူ ခရီးသည်များနှင့် ကုန်တင်ပို့လိုသူများ အနေဖြင့် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဧရာဝတီဌာနခွဲရုံး (၀၂-၄၀၃၆၀၃၅) နှင့် ဆိပ်ကမ်းမှူးဖုန်း (၀၉-၄၄၄၆၅၃၁၃၁) တို့သို့ ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။