မြစ်ရေကြီးခြင်းသတိပေးနှိုးဆော်ချက်

မင်္ဂလာနံနက်ခင်းပါ

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၂၉.၈.၂၀၂၁) ရက်နေ့ နံနက်(၀၈:၀၀)နာရီအချိန်တွင် မြစ်ရေကြီးခြင်းသတိပေးနှိုးဆော်ချက်ကို

အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။

မြစ်ရေကြီးခြင်းသတိပေးနှိုးဆော်ချက်

(၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၂၉)ရက် (၀၈:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ယနေ့မြန်မာစံတော်ချိန် (၀၇:၃၀)နာရီအချိန်  တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ဆိပ်သာမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၁)ပေခန့်၊ ဟင်္သာတမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေ မှတ်အောက် (၁)ပေခွဲခန့်နှင့် ဇလွန်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၁)ပေခွဲခန့်တို့တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်()ရက်အတွင်း ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အနီးသို့ ရောက်ရှိနိုင်ပါသည်။

သို့ဖြစ်ပါ၍ ဆိပ်သာမြို့၊ ဟင်္သာတမြို့နယ်နှင့် ဇလွန်မြို့နယ်များအတွင်းရှိ မြစ်ကမ်း အနီးနှင့် မြေနိမ့်ပိုင်းတွင် နေထိုင်သူများအနေဖြင့် သတိပြုနေထိုင်ကြပါရန် နှိုးဆော်အပ်ပါသည်။