မြစ်ရေကြီးမှုအခြေနေသတင်း

မင်္ဂလာညချမ်းပါ..........

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၂၂.၈.၂၀၂၁) ရက်နေ့တွင် မြစ်ရေကြီးမှုအခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါတယ်......

 

သံလွင်မြစ်စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအ​ခြေအနေ

   ယနေ့မြန်မာစံတော်ချိန် (:၃၀)နာရီအချိန် တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ (၂)လက်မခန့် ကျော်လွန် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်()ရက်အတွင်း ပေဝက်ခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါ သည်။

  အကြံပြုချက်

     သို့ဖြစ်ပါ၍ ဘားအံမြို့နယ်တွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။