မြန်မာ့စာတိုက်လုပ်ငန်းမှ (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် (၁၀၀) ကျပ်တန် အထူးထုတ်စာပို့တံဆိပ်ခေါင်း(၃)မျိုးရောင်းချ

 

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် (၁၀၀) ကျပ်တန် အထူးထုတ်စာပို့ တံဆိပ်ခေါင်း (၃)မျိုးအား ဇန်နဝါရီလ (၄)ရက်နေ့ နံနက် ၉နာရီခွဲမှ စတင်၍ တိုင်းဒေသကြီး ပြည်နယ်များရှိ လုပ်ငန်းပြည့်စာတိုက်အသီးသီးတွင် ရောင်းချပေးခဲ့သည်။

အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး ၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့၌ ဇန်နဝါရီလ (၄)ရက်နေ့တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများ ပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးခဲ့ကြောင်း သတင်း ရရှိပါသည်။