မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအား ကော်ပိုရေးရှင်းအသွင် ပြောင်းလဲဖွဲ့စည်းရေး ဦးဆောင်ကော်မတီ ဆဌမအကြိမ်အစည်းအဝေး ဒုတိယဝန်ကြီးတက်ရောက်

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအား ကော်ပိုရေးရှင်း အသွင် ပြောင်းလဲဖွဲ့စည်းခြင်းလုပ်ငန်းများအား အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး လိုအပ်သော မူဝါဒနှင့် လုပ်ငန်းစဉ်များအား သတ်မှတ်နိုင်ရေးအတွက် ရည်ရွယ်ကျင်းပသည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအား ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲ ဖွဲ့စည်းရေး ဦးဆောင်ကော်မတီ၏ ဆဌမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၁၂-၁၀-၂၀၁၇) ရက်နေ့ နေ့လည် (၁:၀၀) နာရီအချိန် တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၀န်ကြီးဌာန၊ ရုံးအမှတ်(၂)၊ အစည်းအဝေးခန်းမတွင် ကျင်းပရာ ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။  

အစည်းအဝေးသို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအား ကော်ပိုရေးရှင်းအသွင် ပြောင်းလဲ ဖွဲ့စည်းရေး ဦးဆောင်ကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့်  ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် ဝန်ကြီးဌာနလက်အောက်ရှိ ဌာနများမှ ဌာနအကြီးအကဲများ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူများ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိသူများနှင့် ဥပဒေအကြံပေး အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ဦးဆောင်ကော်မတီဥက္ကဋ္ဌနှင့် အစည်းအဝေးသို့ တက်ရောက် လာသူများက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအား ကော်ပိုရေးရှင်းအသွင် ပြောင်းလဲနိုင်ရေး အတွက် ဥပဒေပြဋ္ဌာန်း ဆောင်ရွက်နိုင်ရေးနှင့်စပ်လျဉ်း၍ အသေးစိတ် ညှိနှိုင်းဆွေးနွေးခဲ့ကြပါ သည်။