မြေငလျင်သတင်း

(မြန်မာစံတော်ချိန် ၂၂း၃၀ နာရီ အချိန်ထုတ်ပြန်ချက်)

၂၀၂၁ ခုနှစ်၊ သြဂုတ်လ () ရက်နေ့၊ မြန်မာစံတော်ချိန် (၂၂)နာရီ၊ (၁၈)မိနစ်၊ (၂၈)စက္ကန့် အချိန်တွင် စစ်တွေမြေငလျင်စခန်းမှ အနောက်-အနောက်မြောက်ဘက် (၆၁) မိုင်ခန့် ကွာဝေးသော (မြန်မာ့ပင်လယ်ပြင်၊ မောင်တောမြို့၏ အနောက်တောင်ဘက် (၃၇)မိုင်ခန့်အကွာ) မြောက် လတ္တီတွဒ် (၂၀.၄၂) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၁.၉၉)ဒီဂရီ၊ အနက် (၂၂)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား သွားကြောင်း တိုင်းထွာရရှိပါသည်။