မြေငလျင်သတင်း

မြေငလျင်သတင်း

(မြန်မာစံတော်ချိန် ၂၂:၂၀ နာရီ အချိန်ထုတ်ပြန်ချက်)

၂၀၂၁ ခုနှစ်၊ သြဂုတ်လ (၁၇)ရက်နေ့၊ မြန်မာစံတော်ချိန် (၂၂)နာရီ(၀၂)မိနစ်(၂၄) စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ မြောက်-အရှေ့မြောက်ဘက် (၂၆)မိုင်ခန့်အကွာ၊ မြန်မာနိုင်ငံ ပြည်တွင်း (တမူးမြို့၏ မြောက်-အရှေ့မြောက်ဘက် (၂၆)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၄.၅၆)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၅၂)ဒီဂရီ၊ အနက်(၃၅)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၉) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။