(မြန်မာစံတော်ချိန် ၁၉း၁၅ နာရီ အချိန်ထုတ်ပြန်ချက်)
၂၀၂၁ ခုနှစ်၊ သြဂုတ်လ (၂၂)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၈)နာရီ၊ (၅၂)မိနစ်၊ (၀၄)စက္ကန့် အချိန်တွင် ညောင်ဦးမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် (၇၄)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ကနီမြို့၏ အနောက်တောင်ဘက် (၁၇)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၂.၂၅)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၆၈)ဒီဂရီ၊ အနက် (၁၀၅)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။