မြေငလျင်သတင်း

(မြန်မာစံတော်ချိန် ၁၆း၁၅ နာရီ အချိန်ထုတ်ပြန်ချက်)

၂၀၂၁ ခုနှစ်၊ သြဂုတ်လ (၂၃)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၅)နာရီ၊ (၅၂)မိနစ်၊ (၄၃)စက္ကန့် အချိန်တွင် ဟားခါးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၆၂)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ကလေးဝမြို့၏ အရှေ့တောင်ဘက် (၁၀)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၃.၁၁)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၄၃)ဒီဂရီ၊ အနက် (၃၃)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၀)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။