မြေငလျင်သတင်း

(မြန်မာစံတော်ချိန် ၀၉း၀၀ နာရီ အချိန်ထုတ်ပြန်ချက်)

၂၀၂၁ ခုနှစ်၊ သြဂုတ်လ (၂၄)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၈)နာရီ၊ (၄၅)မိနစ်၊ (၁၀)စက္ကန့် အချိန်တွင် ကသာမြေငလျင်စခန်းမှ မြောက်ဘက် မိုင်(၆၀) ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မိုးညှင်းမြို့၏ မြောက်-အနောက်မြောက်ဘက် (၁၉)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၅.၀၅) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၃၁)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၅.၀)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွား ကြောင်း တိုင်းထွာရရှိပါသည်။