(မြန်မာစံတော်ချိန် ၀၇း၂၅ နာရီ အချိန်ထုတ်ပြန်ချက်)
၂၀၂၁ ခုနှစ်၊ မေလ (၂၂)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၇)နာရီ၊ (၀၈)မိနစ်၊ (၃၁)စက္ကန့် အချိန်တွင် နေပြည်တော်မြေငလျင်စခန်းမှ အနောက်-အနောက်မြောက်ဘက် (၃၃)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (တောင်တွင်းကြီးမြို့၏ အရှေ့တောင်ဘက် (၁၀)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၁၉.၈၉)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၆၄)ဒီဂရီ၊ အနက် (၂)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၉)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။