ရန်ကုန်စာတိုက်ကြီးသို့ ဂျပန်နိုင်ငံပြည်ထဲရေးနှင့်ဆက်သွယ်ရေးဝန်ကြီ:ဌာန ဒုတိယဝန်ကြီ: Ms. Yukari SATO, Ph.D လာရောက်လေ့လာ

ဂျပန်နိုင်ငံ ပြည်တွင်းရေးနှင့်ဆက်သွယ်ရေးဝန်ကြီ:ဌာန၊ ဒုတိယဝန်ကြီ: Ms. Yukari SATO, Ph.D နှင့် အဖွဲ့သည် (၉.၁.၂၀၁၉)ရက်နေ့ နံနက် (၀၈:၄၅)နာရီ အချိန်တွင် ရန်ကုန်စာတိုက်ကြီးသို့ လာရောက်လေ့လာခဲ့ကြပြီ: မြန်မာ့စာတိုက်လုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ ဦးခမ်းအောင်နှင့်တွေ့ဆုံ၍ တိုးတက်လာသော မြန်မာ့စာတိုက်လုပ်ငန်း ဝန်ဆောင်မှုများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် ရန်ကုန်စာတိုက်ကြီးရှိ ပြည်တွင်း/ပြည်ပ ကောင်တာများအား လှည့်လည်ကြည်ရူ ၍ ဝန်ထမ်းများ၏ လုပ်ငန်းမစတင်မှီ ဆောင်ရွက်သော ဆွေးနွေးမှု (Morning meeting) ​ဆောင်ရွက်ပုံများကို ကြည့်ရူခဲ့ပြီး ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးကာ (၀၉:၄၅)နာရီတွင် ပြန်လည်ထွက်ခွာသွားကြောင်း သတင်းရရှိပါသည်။