ရေကြောင်းပို့ဆောင်ရေးမူဝါဒဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

 

ရန်ကုန်မြို့၊ အောက်တိုဘာလ ၁၇

ရေကြောင်းပို့ဆောင်ရေးမူဝါဒဆိုင်ရာ အမျိုးသား အဆင့် အလုပ်ရုံဆွေးနွေးပွဲ (National Workshop on Maritime Transport Policy) ကို ယနေ့ နံနက်ပိုင်းက ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲကို အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့ချုပ် (IMO)နှင့် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်း ကျင်းပခြင်း ဖြစ်ပြီး ဆွေးနွေးပွဲသို့ အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ချုပ် (IMO)မှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသောင်းကြိုင်နှင့် တာဝန်ရှိသူများ၊ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိက အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ရေကြောင်းဘက်ဆိုင်ရာ ပညာရှင်များ တက်ရောက်ခဲ့ကြသည်။