ရေနည်းမည့် အခြေအနေသတင်း

မင်္ဂလာနေ့လယ်ခင်းပါ

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၂၂ ခုနှစ်၊ ရေနည်းမည့်အခြေအနေသတင်းကို (၄.၃.၂၀၂၂)ရက်နေ့ တွင် အောက်ပါအတိုင်း ထုတ်ပြန်ထားပါတယ်................

ဧရာဝတီမြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀) နာရီအချိန် တိုင်းထွာချက်အရ စစ်ကိုင်းမြို့တွင် (၁၇၀) စင်တီမီတာသို့ ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် ၂၀၂၂ ခုနှစ်၊ မတ်လ ပထမ(၁၀)ရက်ပတ်အတွင်း လက်ရှိရေမှတ်အောက် ပေဝက်ခန့် ကျဆင်းနိုင်ပြီး ယင်းမြို့၏ ရေနည်းသတိပေးမှတ် (၁၇၀) စင်တီမီတာအောက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။