ရေနည်းမည့်သတိပေးချက်

မင်္ဂလာနေ့လယ်ခင်းပါ

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၂၂ ခုနှစ်၊ ရေနည်းမည့် သတိပေးချက်ကို (၃.၃.၂၀၂၂)ရက်နေ့တွင် အောက်ပါအတိုင်း ထုတ်ပြန်ထားပါတယ်.......

ဧရာဝတီမြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ စစ်ကိုင်းမြို့တွင်(၁၇၈)စင်တီမီတာသို့ ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၅)ရက် အတွင်း ယင်းမြို့၏ ရေနည်းသတိပေးမှတ် (၁၇၀) စင်တီမီတာသို့ ရောက်ရှိနိုင်ပါသည်။