သင်တန်းဆင်းပွဲကျင်းပခြင်း

မိတ္ထီလာ၊ ဇန်နဝါရီ ၂၈

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၊ အောင်ဆန်းခန်းမ၌ ဇန္နဝါရီလ ၂၈ ရက်နေ့နံနက် ၀၈၃၀ နာရီတွင် စီမံခန့်ခွဲမှု (အရာထမ်းလောင်း)သင်တန်း အမှတ်စဥ်(၇/ ၂၀၂၁)၊ လုပ်ငန်းသစ်ဝန်ဆောင်မှုသင်တန်းအမှတ်စဥ်( ၅ / ၂၀၂၂)၊ ခရီးသည်ဝန်ဆောင်မှုတိုးမြှင့်ရေးသင်တန်းအမှတ်စဥ်(၇/၂၀၂၂)၊စတိုပစ္စည်းထိန်း(အခြေခံ)သင် တန်းအမှတ်စဥ်(၁/၂၀၂၂)တို့၏သင်တန်းများဆင်းပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင် ကျောင်း အုပ်ကြီး ဦးမင်းချစ်ဦးက သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပါသည်။သင်တန်းဆင်းပွဲအခမ်းအနားသို့မြန်မာ့စာတိုက်လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးခမ်းအောင်တက်ရောက်ခဲ့ပါသည်။

သင်တန်းဆင်းသင်တန်းသူ/သားများကို ဒေါက်တာ အောင်မျိုးကျော် (ညွှန်ကြားရေးမှူး၊ သလရ)နှင့်ဦးလှမိုး (ဒုတိယ ညွှန်ကြားရေးမှူး-၁၊သလရ)တို့ကသင်တန်း ဆင်းအောင်လက်မှတ်များပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ ​ကျောင်းအုပ်ကြီးက သင်တန်းတွင်ထူးချွန်စွာအောင်မြင်ခဲ့ကြသူများကို ပထမ၊ဒုတိယ၊တတိယ ဆုတံဆိပ်များချီးမြှင့်ပေးအပ်ခဲ့ပါသည်။

ယင်းနောက်ကျောင်းအုပ်ကြီးသည် သင်တန်းဆင်း သင်တန်းသူ/သားများကို လိုက်လံနှုတ်ဆက် မှာကြားခဲ့ပါသည်။

ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း