သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၏ (ဒုတိယအကြိမ်) Web Design HTML5 and CSS3 Course သင်တန်းဖွင့်ပွဲအခမ်းအနား

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၏ (ဒုတိယအကြိမ်) Web Design HTML5 and CSS3 Course သင်တန်းဖွင့်ပွဲကို ဖေဖော်ဝါရီလ (၂၁) ရက်နေ့ နံနက်ပိုင်းတွင် ရုံးအမှတ်(၂) နေပြည်တော် ရှိ e-Learning Center သင်တန်းခန်းမတွင် Online စနစ်ဖြင့် ကျင်းပရာ သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်နှင်းခိုင်အေး၊ သင်တန်းဆရာများ၊ သင်တန်းဆိုင်ရာ တာဝန်ရှိသူများနှင့် ပြည်ထောင်စုဝန်ကြီးဌာန/အစိုးရအဖွဲ့အစည်း (၁၉) ခုမှ သင်တန်းသား (၂၄) ဦးတို့ တက်ရောက် ကြောင်း သိရပါသည်။
ရှေးဦးစွာ သင်တန်းကျောင်း ကျောင်းအုပ်က ဝန်ကြီးဌာနများအနေဖြင့် e-Government စနစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ  သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီး၏ Website များရေးသားရာတွင် Web Design အခြေခံဖြစ်သည့် HTML5 နှင့် CSS3 Language  နည်းပညာများကို အသုံးပြု၍ Static Web Page များရေးသားနိုင်စေရန်၊ Website တစ်ခု ရေးသားရာတွင်လိုအပ်သည့် Design Concept များ သိရှိနားလည်ပြီး ဌာနအတွက် အသုံးတည့်မည့် Website များရေးဆွဲနိုင်စေရန် နှင့် e-Services အသုံးပြုနိုင်စွမ်းကို မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းသားများ အနေဖြင့် ဌာနအတွက်ရော မိမိအတွက် ပါ အကျိုးရှိစေရန် သင်တန်းတွင် ဆွေးနွေးပို့ချမည့်  အကြောင်းအရာများကို  အပတ်တကုတ်  ကြိုးစားလေ့လာသင်ယူကြပြီး ဌာနအတွက် အားကိုးအားထားရလောက်သည့် ဝန်ထမ်းများ ဖြစ်လာစေရန် ကြိုးစားကြဖို့ လိုအပ်ကြောင်း တိုက်တွန်း အမှာစကား ပြောကြားခဲ့ပါသည်။
Web Design HTML5 နှင့် CSS3 Course သင်တန်းကာလမှာ (၂၁.၂.၂၀၂၂) ရက်နေ့မှ (၉.၃.၂၀၂၂) ရက်နေ့အထိ ဖြစ်ပြီး သင်တန်းတွင် Zoom Application ဖြင့် Online သင်ကြားရေးစနစ် အသုံးပြု၍ ဖွင့်လှစ်သင်ကြားမည် ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးသင်တန်းကျောင်းသည် ပြည်ထောင်စုဝန်ကြီးဌာနများနှင့် အစိုးရအဖွဲ့အစည်းအသီးသီးမှ နိုင်ငံ့ ဝန်ထမ်း များအား သတင်းအချက်အလက်နည်းပညာကို ကျွမ်းကျင်စွာအသုံးပြုလာနိုင်စေရန်နှင့် e-Government လုပ်ငန်းများစဉ်များတွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရည်ရွယ်၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရှိရသည်။