သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန Networking Course Level I ဒုတိယအကြိမ် သင်တန်းဖွင့်ပွဲအခမ်းအနား

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်းတွင် Switching / Routing အခြေခံနည်းပညာများကို နားလည်၍ Layer 2 Switch နှင့် Layer 3 Switch / Router Configuration များကိုလက်တွေ့ လုပ်ဆောင်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် Networking Course Level I ဒုတိယအကြိမ် သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နေပြည်တော်၊ ရုံးအမှတ်(၂) သင်တန်းခန်းမ(၂) တွင် ကျင်းပ ပြုလုပ်ကြောင်း သိရပါသည်။

၂၀၁၈ ခုနှစ် (၆)လအတွင်း Networking Course Level I ဒုတိယအကြိမ် သင်တန်းကို ပြည်ထောင်စုဝန်ကြီးဌာန နှင့် အစိုးရအဖွဲ့အစည်း (၁၆) ခုမှ သင်တန်းသား (၄၀) ဦး တို့ တက်ရောက် ကြောင်း သိရပါသည်။     

သင်တန်းကာလမှာ (၁၆-၇-၂၀၁၈)ရက်နေ့မှ (၃၁-၇-၂၀၁၈)ရက်နေ့အထိ (၁၀) ရက် ဖွင့်လှစ် ပို့ချမည်ဖြစ်ပါသည်။

သင်တန်းဖွင့်ပွဲသို့ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း ညွှန်ကြားရေးမှူး ဒေါ်ခင်ဆွေဌေးနှင့် ဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ညွှန်ကြားရေးမှူး ၊ ဒေါ်ခင်ဆွေဌေးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း သည် ပြည်ထောင်စုဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်းများမှ နိုင်ငံဝန်ထမ်းများအား  e-Government နှင့် ဆိုက်ဘာလုံခြုံရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက် ရှိကြောင်း သိရှိရသည်။