(၂၆) ကြိမ်မြောက် အမျိုးသားအဆင့် မုတ်သုံဖိုရမ် (Online Video Conferencing)
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန နှင့် ထိုင်းနိုင်ငံအခြေစိုက်ဒေသတွင်း ဘက်စုံသဘာဝဘေး ကြိုတင်ကာကွယ်ရေးဗဟိုဌာန (Regional Integrated Multi-Hazards Early Warning System – RIMES) တို့ ပူးပေါင်း၍ (၂၆)ကြိမ်မြောက် အမျိုးသားအဆင့် မုတ်သုံဖိုရမ်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၁ ခုနှစ်၊ မေလ (၅) ရက်နေ့တွင် Online Video Conferencing ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဖွင့်ပွဲ အခမ်းအနားတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် Regional Integrated Multi-Hazard Early Warning System (RIMES) မှ Director Dr A.R Subbiah မှ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းအကြောင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ပါသည်။
အဆိုပါ Online Video Conferencing အခမ်းအနားသို့ ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ ထိုင်းနိုင်ငံအခြေစိုက်ဒေသတွင်း ဘက်စုံသဘာဝဘေးကြိုတင်ကာကွယ်ရေးဗဟိုဌာနမှ ကိုယ်စားလှယ် များနှင့် ပြည်တွင်း/ ပြည်ပပညာရှင်များ စုစုပေါင်း (၅၂)ဉီးခန့် တက်ရောက်ခဲ့ကြပါသည်။
ယနေ့ကျင်းပပြုလုပ်သည့် (၂၆)ကြိမ်မြောက် အမျိုးသားအဆင့် မုတ်သုံဖိုရမ်တွင် ၂၀၂၁ ခုနှစ်၊ မိုးရာသီကာလအတွက် ယေဘုယျခန့်မှန်းချက်များအား တင်ပြဆွေးနွေးခြင်း၊ ၂၀၂၀-၂၀၂၁ ခုနှစ်၊ ဆောင်းရာသီကာလအတွက် ယေဘုယျခန့်မှန်းချက်များအား သုံးသပ်တင်ပြခြင်း၊ ၂၀၂၁ ခုနှစ်၊ မိုးရာ သီကာလအတွက် ကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်မှု အခြေအနေများအား တင်ပြဆွေးနွေးခြင်း၊ အဖွဲ့ အစည်းဆိုင်ရာနှင့် End User များအနေဖြင့် ထိခိုက်မှုအလားအလာ အခြေအနေအပေါ် အခြေခံ သည့် ရာသီအလိုက် ကြိုတင်ပြင်ဆင်မှု အစီအစဉ်များအား တင်ပြခြင်း၊ ရာသီအလိုက်ခန့်မှန်းချက် များကို အသုံးပြုသည့် Stakeholders များ၏ အကြံပြုချက်များအတိုင်း ပိုမိုကောင်းမွန်သည့် ခန့်မှန်း ချက်များအား ထုတ်ပြန်နိုင်ရန်အတွက် ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ အစည်းအဝေး ပိတ်ပွဲအခမ်းအနားတွင် မိုးလေဝသနှင့် ဇလဗေညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးမှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။
အဆိုပါမုတ်သုံဖိုရမ်ကို ၂၀၀၇ ခုနှစ်မှစတင်၍ တစ်နှစ်လျှင် (၂)ကြိမ် ပုံမှန်ကျင်းပလာခဲ့ရာ ယခုအစည်းအဝေးသည် (၂၆)ကြိမ်မြောက်ဖြစ်ပါသည်။
26th National Monsoon Forum (Online Video Conferencing)
The opening ceremony of 26th Monsoon Forum 2021, jointly sponsored and organized by Regional Integrated Multi-Hazard Early Warning System (RIMES) & Department of Meteorology and Hydrology (DMH) was held on 5.5.2021 by Video Conferencing. In the opening ceremony, Dr. Kyaw Moe Oo, Director General of the Department of Meteorology and Hydrology delivered the Welcome remark and Dr. A.R Subbiah, Director of RIMES has briefed about the workshop.
Also present on the occasion were Representatives of Departments and experts of Regional Integrated Multi-hazard Early warning System (RIMES). A total of about 52 including experts and participants were attended this video conferencing.
The Workshop is focused on the present the General Seasonal Forecast for 2021 and verification of Meteorology and Hydrology forecast of last winter season and accordingly plan for preparedness, presenting draft seasonal preparedness plans, based on potential impact scenarios, for possible institutional and end-users uptake, implementing to issue the more accurate seasonal forecast according to the stakeholder recommendations. The closing remark was delivered by Dr. Kyaw Moe Oo, Director General of the Department of Meteorology and Hydrology.
The monsoon forum has been held twice annually on regular basic starting since 2007 and the current is the 26th of the Forum.