AI-Driven Transformation ၊ Advanced Excel (Online) ၊ Advanced Networking - I နှင့် Windows Server Administration - I သင်တန်းများ၏ သင်တန်းဖွင့်ပွဲအခမ်းအနား

   ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၅-၂၆ လေ့ကျင့်သင်ကြားရေးနှစ်အတွင်း AI-Driven Transformation ၊ Advanced Excel (Online) ၊ Advanced Networking - I နှင့် Windows Server Administration - I သင်တန်းများ၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့ နံနက်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ‌ဒေါ်နွယ်နီစိုးရင် ၊ သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်နှင်းခိုင်အေးနှင့် တကွ ဌာနအကြီးအကဲများ၊ CIO/ACIO များနှင့် ဆရာ/ဆရာမများ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးမှ သင်တန်းသား/ သင်တန်းသူများ စုစုပေါင်း ၁၀၈ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

   ရှေးဦးစွာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာ နှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က Artificial Intelligence (AI) နည်းပညာ သည် နယ်ပယ်အသီးသီးတွင် အရေးပါလာကြောင်း ဖွံ့ဖြိုးပြီးနိုင်ငံများအနေဖြင့် AI နည်းပညာကို စီးပွားရေး၊ လူမှုဘဝနှင့် နည်းပညာဖွံ့ဖြိုးမှုအတွက် အကောင်အထည်ဖော်နေပြီး AI အသုံးချမှုများတွင် အောင်မြင်မှုများကိုလည်း တွေ့ရှိနေရပြီဖြစ်ကြောင်းနှင့် အစိုးရလုပ်ငန်း ဆောင်တာများတွင် AI နည်းပညာပေါင်းစည်းနိုင်မည့် အခြေအနေများ၊ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ပေးစွမ်းနိုင်ရန် AI-Driven Transformation သင်တန်းအား ဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

   မိမိတို့ဌာနများမှ ဒေတာအချက်အလက်များကို ခွဲခြမ်းစိတ်ဖြာခြင်းနှင့် အစီရင်ခံစာများ တင်ပြခြင်း လုပ်ငန်းစဉ်များကို  ပိုမိုထိရောက်  မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန် Advanced Excel သင်တန်းအား Online မှတစ်ဆင့်သင်ကြားပို့ချခြင်းဖြစ်ကြောင်း သိရှိရပါသည်။

   Enterprise Level Network Architecture ကို သိရှိနားလည်၍ ကွန်ရက်ချိတ်ဆက်ခြင်း နည်းပညာများကို လက်တွေ့ Physical Network Devices များနှင့် ကျွမ်းကျင်စွာ ချိတ်ဆက် လုပ်ဆောင်နိုင်စေရန် Advanced Networking – I သင်တန်းနှင့် Windows Server Operating System ကို အသုံးပြု၍ Server များတည်ဆောက်ခြင်း၊ စီမံခန့်ခွဲခြင်းနှင့် လုံခြုံရေးဆိုင်ရာ သတ်မှတ်ထိန်းချုပ်ခြင်းတိုကို ဆောင်ရွက်နိုင်စေရန် Windows Server Administration – I သင်တန်းတို့ကို အသီးသီး ဖွင့်လှစ်ပို့ချမည်ဖြစ်ကြောင်း သိရှိရပါသည်။

   C-Level များအတွက် ဖွင့်လှစ်ပို့ချသည့် AI-Driven Transformation သင်တန်းကို ၅-၁-၂၀၂၆ ရက်နေ့မှ ၈-၁-၂၀၂၆ ရက်နေ့အထိ ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး Advanced Excel (Online) ၊ Advanced Networking - I နှင့် Windows Server Administration - I သင်တန်းများကို ၅-၁-၂၀၂၆ ရက်နေ့မှ ၂၃-၁-၂၀၂၆ ရက်နေ့အထိ ၃ ပတ်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

   သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးသင်တန်းကျောင်းသည် အစိုးရအဖွဲ့အစည်းများ/ ပြည်ထောင်စုဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရှိရပါသည်။