Information Security Management System, Project Management for Software Development သင်တန်းဆင်းပွဲ

   ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်အတွင်း (ဒုတိယအကြိမ်) Information Security Management System နှင့် (ပထမအကြိမ်) Project Management for Software Development သင်တန်းများ၏ သင်တန်းဆင်းပွဲ အခမ်းအနားကို စက်တင်ဘာလ(၂၂)ရက်နေ့ နေ့လည်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

   အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားကို သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းစောလင်းထွန်း၊ သင်တန်းကျောင်း၊ ကျောင်းအုပ် ဒေါ်နှင်းခိုင်အေး၊ ဌာနအကြီးအကဲများ၊ သင်တန်းဆရာ/ဆရာမများ၊ သင်တန်းအထောက်အကူပြု တာဝန်ခံများ၊ ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာန  အသီးသီးမှ သင်တန်းသား/ သင်တန်းသူ (၅၅) ဦး  တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

   သင်တန်းဆင်းပွဲတွင် သင်တန်းကျောင်း၊ ကျောင်းအုပ်မှ သင်တန်းသား/သင်တန်းသူများမှ အကဲဖြတ်ပုံစံ (Evaluation Form) တွင်တင်ပြလာသော အကြုံပြုချက်များနှင့် သုံးသပ်ချက်များအား ဦးစွာ ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းဆင်းအမှာစကား ပြောကြားပြီး သင်တန်းဆင်း အောင်လက်မှတ်များ  ချီးမြှင့်ခြင်း၊ သင်တန်းတွင်ထူးချွန်စွာ အောင်မြင်ခဲ့သည့် Information Security Management System သင်တန်းတွင် ပထမဆုရရှိသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ ဒေါ်ဇင်ဝေထက်၊ ဒုတိယဆုရရှိသော ဥပဒေရေးရာဝန်ကြီးဌာနမှ ဒေါ်နွေးသန္တာအောင်၊ တတိယဆုရရှိသော နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးမှ ‌ဒေါ်ခိုင်ခိုင်သင်းတို့အား လည်းကောင်း၊ Project Management for Software Development သင်တန်းတွင် ပထမဆုရရှိသော စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဒေါ်ဝင့်သဉ္ဇာမျိုး၊ ဒုတိယဆုရရှိသော စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒေါ်ခင်ကြည်သူ၊ တတိယဆုရရှိသော ပြည်သူ့လွှတ်တော်ရုံးမှ ဒေါ်မို့မို့ဝင်း တို့အား လည်းကောင်း ထူးချွန်ဆုများ အသီးသီး ချီးမြှင့်ကာ သင်တန်းဆင်းပွဲ အခမ်းအနားကို ညနေ (၄)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။