M2 World Championship ပြိုင်ပွဲကြီးတွင် 1st Runner Up ဆုကို ထိုက်တန်စွာရရှိခဲ့သော မြန်မာနိုင်ငံတွင် လူကြိုက်အများဆုံးအသင်းဖြစ်သည့် “Burmese Ghouls” အား MPT က ဝမ်းမြောက်ဂုဏ်ယူ

(မြန်မာနိုင်ငံတွင်လူကြိုက်အများဆုံးအသင်းနှင့် အာရှ အီလက်ထရောနစ် အားကစားကဏ္ဍ (E-sports) ၏ ထွန်းတောက်နေသောကြယ်တစ်ပွင့်အဖြစ် ကမ္ဘာ့အဆင့်သို့တက်လှမ်းလျက်ရှိသည်။)

(ရန်ကုန်၊ ၂ဝ၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်) – မြန်မာနိုင်ငံရှိ Mobile Legends: Bang Bang ပရိသတ်များအားလုံး အတွက် ရန်ခုန်စိတ်လှုပ်ရှားစရာကောင်းသော အခိုက်အတန့်များကို ကြုံတွေ့ခဲ့ကြပြီးဖြစ်သည်။ ဇန်နဝါရီလ ၁၈ ရက်မှ ၂၄ ရက်ထိ စင်္ကာပူနိုင်ငံ၌ကျင်းပခဲ့သော M2 World Championship ၏ Grand Final ပွဲကြီးတွင် “Burmese Ghouls” အသင်းသည် 1st Runner Up ဆုကိုရရှိခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ အီလက်ထရောနစ် အားကစားကဏ္ဍ (E-Sports) တွင် ၎င်းတို့ရပ်တည်နေသည့်နေရာကို သက်သေပြသနိုင်ခဲ့သည်။
“Burmese Ghouls ဟာ သူတို့ရဲ့ ထူးခြားလှတဲ့စွမ်းဆောင်ရည်တွေအတွက် ချီးကျူးဖို့ တကယ်ကို ထိုက်တန်ပါတယ်။ မြန်မာပြည်ကိုယ်စားပြုအသင်းအနေနဲ့ M2 ဂိမ်းပြိုင်ပွဲစဉ်မှာ သင်တို့ရဲ့ အောင်မြင်မှုဟာ ကြီးမားတဲ့ အောင်မြင်မှုတစ်ခုဖြစ်ပြီး မြန်မာကစားသမားတွေအတွက် ကြီးမားတဲ့ စံပြတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း Burmese Ghouls အသင်းအတွက် အလွန်ဝမ်းမြောက်ဂုဏ်ယူနေပြီး ရှေ့လျှောက် လည်း အီလက်ထရောနစ် အားကစားကဏ္ဍ (E-Sports) ဖွံ့ဖြိုးတိုးတက်မှုအတွက် ကျွန်တော်တို့ ဆက်လက်တိုး ချဲ့ဆောင်ရွက်သွားမှာပါ “ဟု MPT-KSGM Joint Operations ၏ စီးပွားရေးဌာနကြီး၏ အရာရှိချုုပ်ဖြစ်သူ Mr. Tetsunori Nagashima က ပြောကြားသွားခဲ့သည်။
“ကျွန်တော်တို့ အသင်းဟာဆိုရင် စင်္ကာပူနိုင်ငံကိုစတင်ရောက်ရှိခဲ့တဲ့ ဒီဇင်ဘာလ ၂၄ ရက်ကစတင်ပြီး လေ့ကျင့်ခန်းတွေကို ပုံမှန်ပြုလုပ်ပြီး ဒီပြိုင်ပွဲကြီးအတွက်အစွမ်းကုန်အားထုတ်ကြိုးပမ်းခဲ့ပါတယ်။ ဒီကြားထဲ မှာ ပျော်ရွှင်ခဲ့တာတွေ ဝမ်းနည်းခဲ့ရတာတွေဟာ ကျွန်တော်တို့အတွက် လုံးဝမေ့ဖျောက်လို့မရတဲ့ အမှတ်တရ တွေပါပဲ။ ဒီပြိုင်ပွဲကြီးကြောင့် ကျွန်တော်တို့ ညီအစ်ကိုတွေ တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ်တွေ ပိုမိုတိုးတက်လာပြီး ဒီထက်ပိုကောင်းတဲ့ရလဒ်တွေကို ပရိသတ်တွေအတွက် ယူဆောင်လာပေးမယ်လို့ ကတိပြု ပါတယ်။ ကျွန်တော်တို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ပေးခဲ့တဲ့ MPT ကိုလည်း အထူးကျေးဇူးတင်ပါတယ်” ဟု “Burmese Ghouls” အသင်း ၏ နည်းပြဖြစ်သူ Mr. PVNDV က ပြောကြား သွားခဲ့သည်။
စင်္ကာပူနိုင်ငံတွင် “Burmese Ghouls” အသင်းရရှိခဲ့သည့်အောင်မြင်မှုနှင့်အတူ မြန်မာနိုင်ငံရှိ အီလက်ထရောနစ် အားကစားကဏ္ဍ (E-sports) ၏ အနာဂတ်သည်လည်း ဆက်လက်တောက်ပနေဆဲဖြစ်သည်။ “Burmese Ghouls” အသင်းအား ၂၀၁၆ ခုနှစ်၌ စတင်ဖွဲ့စည်းခဲ့ပြီး DOTA2, PUBG, Mobile Legends, AOV နှင့် VAINGLORY ဂိမ်းများ၏ နိုင်ငံတကာပြိုင်ပွဲများတွင်လည်း မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဂုဏ်ယူစွာဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။ Official Partner အနေဖြင့် MPT သည် “Burmese Ghouls” အား နိုင်ငံတကာအားကစားပွဲစဉ်များ အားလုံးတွင် ပါဝင်နိုင်ရန် ပံ့ပိုးကူညီခဲ့သည်။
MPT သည် မြန်မာနိုင်ငံတွင် Mobile Legends: Bang Bang SEA CUP 2018 MPT Qualifier နှင့် PUBG National Championship 2020 tournaments ပြိုင်ပွဲများအပါအဝင် အီလက်ထရောနစ် အားကစားကဏ္ဍ (E-sports) အား ၂၀၁၈ ခုနှစ်မှစတင်၍ ပံ့ပိုး ကူညီခဲ့ပါသည်။
ကမ္ဘာ့လူကြိုက်အများဆုံး မိုဘိုင်းလ်ဂိမ်းဖန်တီးသူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် MPT သည် သုံးစွဲသူများ၏ ဒီဂျစ်တယ်ဘဝကို ပိုမိုကောင်းမွန်စေရန်နှင့် မြန်မာကစားသမားများအားလုံးအတွက် အခွင့်အလမ်း ကောင်းများကို တိုးမြှင့်စေရန် ရည်ရွယ်ထားပါသည်။ ထို့အပြင် MPT သည် ဒေတာကန့်သတ်ချက်မထားရှိဘဲ မိုဘိုင်းလ်ဂိမ်းကစားခြင်း အတွေ့အကြုံများ တိုးတက်လာစေရန် အီလက်ထရောနစ် အားကစား (E-sports) နှစ်သက်သူများအားလုံးအတွက် အထူးဂိမ်းအစီအစဉ်များ ပေးအပ်ခဲ့ပြီး Burmese Ghouls အသင်းအား Official Partner အနေဖြင့် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁ ရက်မှ ၂၀၂၁ ခုနှစ် ဇွန်လ ၃၀ ရက်အထိ ပံ့ပိုးကူညီသွားမည်ဖြစ်သည်။
မြန်မာ့အီလက်ထရောနစ် အားကစား (E-sports) ပရိသတ်များအနေဖြင့် “Burmese Ghouls” ၏ တရားဝင် ဖေ့စ်ဘုတ်ခ်စာမျက်နှာဖြစ်သော https://www.facebook.com/beghouls/ နှင့် အမျိုးမျိုးသော streaming ပလက်ဖောင်းများမှ တစ်ဆင့်လည်း အသင်းလှုပ်ရှားမှုများကို စောင့်ကြည့်နိုင်မည်ဖြစ်သည်။
MPT နှင့် ပတ်သက်သည့် သတင်းအချက်အလက်များ အသေးစိတ် သိရှိလိုပါက Hotline နံပါတ် 106 သို့ခေါ်ဆို၍လည်းကောင်း ၊ MPT ၏ တရားဝင်ဖေ့စ်ဘုတ်ခ်စာမျက်နှာဖြစ်သော www.facebook.com/mptofficialpage/ သို့မဟုတ် MPT ၏ ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။