(ရန်ကုန်၊ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်) – MPT သည် သုံးစွဲသူများအတွက် စိတ်လှုပ်ရှားဖွယ်ရာကောင်းသည့် အတွေ့အကြုံများကို ယူဆောင်ပေးသည့် “ကံထူးပျော်ရွှင် ဆုများစုံလင်” အစီအစဉ်၏ ဒုတိယအကြိမ်မြောက် (ဇန်နဝါရီလ) ကံထူးရှင်ရွေးချယ်မှုကို MPT ၏ လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း ကံထူးရှင်များကို ရွေးချယ်ခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါသည်။ ယခု ဒုတိယအကြိမ်မြောက် (ဇန်နဝါရီလ) ကံထူးရှင်ရွေးချယ်ပွဲတွင် စုစုပေါင်း ငွေသားကျပ်သိန်း (၁,၀၀၀) တန်ဖိုးရှိသည့် ငွေသားဆု ကျပ်သိန်း (၁၀၀) ဆုရှင် (၁၀)ဦးနှင့်အတူ တယ်လီကွန်းဆု ကံထူးရှင်(၄၀)ဦးကို ရွေးချယ်ခဲ့ပြီး ဖြစ်ပါသည်။



ကံထူးရှင်များစာရင်းကို MPT ၏ လူမှုကွန်ရက်စာမျက်နှာများတွင် ကြေညာပေးသွားမည်ဖြစ်ပြီး ၎င်းတို့၏ ငွေသားဆုလက်ဆောင်များ ထုတ်ယူနိုင်ရန်အတွက် MPT က ကံထူးရှင်များကို တိုက်ရိုက်ဆက်သွယ်ပေးသွားမည် ဖြစ်ပါသည်။ တယ်လီကွန်းဆုများအတွက်လည်း ဆုရရှိသူများကို MPT က တိုက်ရိုက် ထည့်သွင်းပေးမည် ဖြစ်ပါသည်။ ကံထူးရှင်များနှင့် ပတ်သက်သည့်အသေးစိတ်အချက်အလက်ကို https://mpt.com.mm/mm/lucky-happy-with-variety-of-prizes/ တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။
“ကံထူးပျော်ရွှင် ဆုများစုံလင်” အစီအစဉ်ဆောင်ရွက်ရန် တစ်လသာ ကျန်ရှိသည့်အတွက် MPT အနေဖြင့် သုံးစွဲသူများအား ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလအတွက် ကျန်ရှိသောဆုများဖြစ်သည့် အထူးဆု ကျပ်သိန်း (၁,၀၀၀)ဆု (၁) ဆု၊ ငွေသားကျပ်သိန်း (၁၀၀) ဆု (၁၀)ဆု နှင့် တယ်လီကွန်းဆု (၄၀)တို့ကို ရရှိနိုင်ရန်အတွက် “ကံထူးပျော်ရွှင် ဆုများစုံလင်” အစီအစဉ်တွင် ပါဝင်ပြီး ဆုလက်ဆောင်များရရှိနိုင်သည့် ကံစမ်းမဲလက်မှတ်များကို စုဆောင်းကြရန် တိုက်တွန်းလိုက်ရပါသည်။
အဆိုပါအစီအစဉ်တွင်ပါဝင်ရန် MPT သုံးစွဲသူများအနေဖြင့် ကံစမ်းမဲလက်မှတ်များကို အောက်ပါနည်းလမ်းများဖြင့် စုဆောင်းရရှိနိုင်မည်ဖြစ်ပါသည်။
- မိမိ ကြိုက်နှစ်သက်ရာ ချန်နယ်လ်မှ တစ်ဆင့် ကြိုက်နှစ်သက်ရာ ပက်ကေ့ချ်များကို (စာတို၊ အသံ၊ ဒေတာ၊ ထပ်ဆောင်း ဝန်ဆောင်မှု စသည်ဖြင့်) ဝယ်ယူပါ။ (https://mpt.com.mm/mm/lucky-happy-with-variety-of-prizes/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)
- မိမိ ကြိုက်နှစ်သက်ရာ ချန်နယ်လ်မှ တစ်ဆင့် “Lucky Packs” ကို ဝယ်ယူပါ။ (https://mpt.com.mm/mm/mpt-lucky-pack/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)
- Special Flash ပရိုမိုးရှင်းအစီအစဉ်တွင် စာရင်းသွင်းပြီး ပါဝင်ပါ။ (https://mpt.com.mm/mm/special-flash-mm/?utm_source=viber&utm_medium=click&utm_campaign=special-flash-promotion တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)
MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။ MPT ၏ “ကံထူးပျော်ရွှင် ဆုများစုံလင်” အစီအစဉ်အကြောင်းကို ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော https://mpt.com.mm/mm/lucky-happy-with-variety-of-prizes/ သို့ ဝင်ရောက်လေ့လာနိုင်သည့်အပြင် မိမိသိရှိလိုသည်များကို တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် တူတူ Chatbot၊ MPT4U အက်ပလီကေးရှင်း၊ MPT Viber သို့မဟုတ် 106 Call Center တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။