MPT က “ထောဘီ ၅ ဆ” ပက်ကေ့ချ်များအတွက် အလိုအလျောက်သက်တမ်းတိုး (Auto-renewal) စနစ်ကို မိတ်ဆက်

(ရန်ကုန်၊ ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ ၂၁ရက်)- သုံးစွဲသူများ၏ လိုအပ်ချက်များကို ပိုမိုဖြည့်ဆည်းပေးနိုင်ရန် ဆောင်ရွက်လျက်ရှိသော MPT သည် “ထောဘီ ၅ ဆ” အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်များ (Auto-renewal) အား သက်သာသောနှုန်းထားဖြင့် စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါသည်။ သုံးစွဲသူမှ အဆိုပြုဝယ်ယူ ထားပါက အဆိုပါ ပက်ကေ့ချ်၏ လက်ကျန် ထောဘီ ပမာဏ ၅၀၀ ကျပ် အောက်သို့ရောက်ရှိ သွားချိန် (သို့မဟုတ်) ပက်ကေ့ချ် သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက်သက်တမ်းတိုး ဝယ်ယူသွားမည် ဖြစ်သည်။

နိုင်ငံတစ်ဝန်းမှ MPT Prepaid (ဆွေသဟာ၊ ရှယ်ပြောနှင့် ရွှေစကား) သုံးစွဲသူများသည် ပုံမှန်ဖုန်းဘေလ်ကို အဆပေါင်း ၅ ဆ ပွားကာ စိတ်တိုင်းကျ လဲလှယ်ရယူနိုင်မည့်အပြင် အဆိုပါ ပက်ကေ့ချ်ကို MPT အချင်းချင်း ဖုန်းခေါ်ဆိုခြင်း၊ SMS စာတိုပေးပို့ခြင်းနှင့် သုံးသလောက်ပေးအင်တာနက်အသုံးပြုခြင်း တို့အတွက် သတ်မှတ်ထား သော ထောဘီ ၅ ဆ အထူးနှုန်းထားဖြင့် (အလိုအလျောက် သက်တမ်းတိုးသည့် စနစ်အပါအဝင်) အသုံးပြုနိုင်မည် ဖြစ်သည်။ အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ် (Auto-renewal) များအား *500# သို့ ခေါ်ဆိုခြင်း၊ MPT4U ၊ CRM နှင့် MPT Pay တို့မှတစ်ဆင့် ဝယ်ယူနိုင်မည် ဖြစ်သည်။ “ထောဘီ ၅ ဆ” အလိုအလျောက် သက်တမ်းတိုးပက်ကေ့ချ် (Auto-renewal) များ ဝယ်ယူသုံးစွဲသူများအနေဖြင့် ဝယ်ယူသည့် အကြိမ်တိုင်းအတွက် ထိပေါက်ကစားခွင့်ရရှိမည်ဖြစ်ပြီး ထောဘီဖုန်းဘေလ် အဆပေါင်း ၁၀၀ အထိ ကံစမ်းရယူ နိုင်ပါသည်။ ထို့အပြင် ပရိုမိုးရှင်းကာလအတွင်း “ထောဘီ ၅ ဆ” အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ် (Auto-renewal) များကို MPT4U မှ ဝယ်ယူပါက ထိပေါက် ကစားခွင့် ၂ ကြိမ် ရရှိမည် ဖြစ်ပါသည်။

“ထောဘီ ၅ ဆ” ပက်ကေ့ချ်ကို တစ်နိုင်ငံလုံးရှိ သုံးစွဲသူအများစု၏ လိုအပ်ချက်များနှင့်အကိုက်ညီဆုံးဖြစ်အောင် ဖန်တီးထားပြီး MPT ၏ အသက်သာဆုံးနှင့် အဆင်ပြေဆုံး ဝန်ဆောင်မှုအဖြစ် ရွေးချယ်နိုင်မည်ဖြစ်သည်။

“ထောဘီ ၅ ဆ” အလိုအလျောက် သက်တမ်းတိုးပက်ကေ့ချ် (Auto-renewal) တွင် သက်တမ်း ၁၅ ရက်၊ ရက် ၃၀၊ ရက် ၆၀ ဟူ၍ အမျိုးအစား (၃) မျိုး ပါဝင်ပါသည်။ “ထောဘီ ၅ ဆ” အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ် (Auto-renewal) များမှာ_

အလိုအလျောက် သက်တမ်းတိုး ထောဘီ
၅ ဆ ဖုန်းဘေလ်
ထောဘီ ၅ဆ
သက်တမ်း
ရယူနိုင်သည့်နည်းလမ်းများနှုန်းထားလက်ကျန် စစ်ဆေးရန်
တိုက်ရိုက်
USSD
ပုံမှန် USSDအက်ပလီကေးရှင်း
ပုံမှန်ဖုန်းဘေလ် ၉၈၀ကျပ်= ထောဘီ၅ဆဖုန်းဘေလ်
၅၀၀၀ကျပ်
၁၅ရက်စာရင်းသွင်းရယူရန်- *500*1*3#
ပယ်ဖျက်ရန်- *500*1*4#
*500#

(or)

*106#
MPT4U App
(သို့မဟုတ်)MPT Pay
1 MB လျှင် ဒေတာ ၁၀.၇ ကျပ် ၊ MPT အချင်းချင်း ဖုန်းခေါ်ဆိုမှု
တစ် မိနစ် လျှင် ၃၂.၅ ကျပ် ၊
MPT အချင်းချင်း စာတိုပေးပို့မှု တစ်စောင်လျှင် ၂၀ ကျပ်
*224#
ပုံမှန်ဖုန်းဘေလ်၁၉၆၀ကျပ်=ထောဘီ၅ဆဖုန်းဘေလ် ၁၀,၀၀၀ကျပ်ရက် ၃၀စာရင်းသွင်းရယူရန်- *500*2*3#
ပယ်ဖျက်ရန်- *500*2*4#
ပုံမှန်ဖုန်းဘေလ် ၄၉၀၀ကျပ်= ထောဘီဖုန်းဘေလ် ၂၅,၀၀၀ကျပ်ရက် ၆၀စာရင်းသွင်းရယူရန်- *500*3*3#
ပယ်ဖျက်ရန်- *500*3*4#

“ထောဘီ ၅ ဆ” အလိုအလျောက် သက်တမ်းတိုးပက်ကေ့ချ် (Auto-renewal) များတွင် ဖုန်းဘေလ်ပမာဏ မတူညီသော ပက်ကေ့ချ်ကို ပြောင်းလဲဝယ်ယူ၍ မရသည်မှအပ အကြိမ်အရေအတွက် အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ်ပြီး ထောဘီ ၅ ဆ ဖုန်းဘေလ် ပမာဏများအားလုံး ပေါင်းစည်းကာ အရှည်ဆုံးသက်တမ်းရှိသည့် ပက်ကေ့ချ်၏ သက်တမ်းကာလအတိုင်း အသုံးပြုနိုင်ပါသည်။

MPT သုံးစွဲသူများအနေဖြင့် “ထောဘီ ၅ ဆ” ၏ ပက်ကေ့ချ်အမျိုးအစား ၂ မျိုးဖြစ်သော “Regular” နှင့် “Autorenewal” နှစ်မျိုးမှ မိမိနှစ်သက်ရာပက်ကေ့ချ်ကို ရွေးချယ်ဝယ်ယူနိုင်ပါသည်။ ထို့အပြင် မိမိတို့ ခင်မင်ရသူများနှင့် မိတ်ဆွေများသို့ လက်ဆောင်အဖြစ်ပေးလိုပါက “ထောဘီ ၅ ဆ” ပုံမှန် (Regular) ပက်ကေ့ချ်များကို MPT4U (သို့မဟုတ်) *500# ကိုခေါ်ဆိုပြီး လမ်းညွှန်ချက်အတိုင်း လုပ်ဆောင်ပေးပို့ နိုင်မည်ဖြစ်သည်။

“Regular” နှင့် “Autorenewal” ပက်ကေ့ချ် နှစ်မျိုးလုံးသည် တူညီသော “ထောဘီ ၅ ဆ” အကျိုးခံစားခွင့်များကို ခံစားနိုင်မည်ဖြစ်သော်လည်း အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်များကို ဝယ်ယူသူများအတွက်မူ ပိုမိုသက်သာစေမည်ဖြစ်သည်။ “ထောဘီ ၅ ဆ” ဖုန်းဘေလ်ကို အခြားသူများသို့ လွှဲပြောင်းပေး၍ မရပါ။ ထို့အပြင် ဒေတာပက်ကေ့ချ်များ၊ အသံပက်‌ကေ့ချ်များ၊ ထပ်ဆောင်းဝန်ဆောင်မှုများ (VAS) ကို ဝယ်ယူခြင်းအတွက် အသုံးပြုနိုင်မည် မဟုတ်ပါ။

MPT ကိုအစဉ်တစိုက်သုံးစွဲပေးသည့်အတွက် သုံးစွဲသူအားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။ “ထောဘီ ၅ ဆ” အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်များအကြောင်းပိုမိုသိရှိလိုပါက တရားဝင်ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm နှင့်တိုက်ရိုက်တုံ့ပြန်ဖြေကြားပေးသည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက် သို့မဟုတ် 106 Call Center တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။