MPT သုံးစွဲသူများအနေဖြင့် ယာယီအထွက်ခေါ်ဆိုမှုပိတ်သွားသည့် ဆင်းမ်ကတ်များကို အချက်အလက်များ မှန်ကန်စွာ စာရင်းသွင်းမှတ်ပုံတင်ခြင်းဖြင့် ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်မည်

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ မေလ ၅ ရက်) – တိကျမှန်ကန်သော ကိုယ်ရေး သတင်းအချက်အလက်များဖြင့် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းကို လုပ်ဆောင်ရန် နောက်ဆုံးသတ်မှတ်ရက် ကျော်လွန်သွားသော MPT သုံးစွဲသူများအနေဖြင့် ယာယီအထွက်ခေါ်ဆိုမှုပိတ်သွားသည့် ဆင်းမ်ကတ်များသည် ဆင်းမ်ကတ် မှတ်ပုံတင်ခြင်းအတွက် MPT4U အက်ပလီကေးရှင်းအသုံးပြုခြင်း (သို့မဟုတ်) MPT ၏ Customer Self-care ဝက်ဘ်ဆိုက် (သို့မဟုတ်) Call Center ၁၀၆ သို့ ဖုန်းခေါ်ဆိုခြင်းမှလွဲ၍ အထွက်ဖုန်းခေါ်ဆိုခြင်း၊ SMS စာတိုပို့ခြင်း၊ ဒေတာအသုံးပြုမှုနှင့်  အခြားသော MPT ၏ဝန်ဆောင်မှုများကို အသုံးပြုနိုင်မည်မဟုတ်ပါ။

သို့သော် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (PTD) ၏ ညွှန်ကြားချက်များအရ ဆင်းမ်ကတ် မှတ်ပုံတင်ခြင်း နောက်ဆုံးသတ်မှတ်ရက် ကျော်လွန်သွားသော MPT သုံးစွဲသူများအနေဖြင့် ယာယီအထွက် ခေါ်ဆိုမှုပိတ်သွားသော မိမိဆင်းမ်ကတ်များအတွက် အချက်အလက် မှန်ကန်စွာ စာရင်းသွင်းမှတ်ပုံတင် ခြင်းကို ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၃၀ ရက်အတွင်းပြု လုပ်နိုင်မည်ဖြစ်သည်။

ယာယီအထွက်ခေါ်ဆိုမှုပိတ်သွားသည့်  MPT သုံးစွဲသူများအနေဖြင့် မိမိတို့၏ ဆင်းမ်ကတ်များကို မှတ်ပုံတင်ရာတွင် မိမိတို့ အိမ်မှာနေ၍ အဆင်ပြေလွယ်ကူသောနည်းလမ်းများဖြစ်သည့် *601# သို့ ဖုန်းခေါ်ဆိုခြင်း (သို့မဟုတ်) MPT4U အက်ပလီကေးရှင်းမှတစ်ဆင့် (သို့မဟုတ်) MPT ၏ Customer Self-care ဝက်ဘ်ဆိုက်ဖြစ်သည့် http://care.mpt.com.mm တို့ကိုအသုံးပြု၍ အဆင်ပြေလွယ်ကူစွာ စာရင်းသွင်း မှတ်ပုံတင်ခြင်းကို ပြုလုပ်နိုင်မည်ဖြစ်သည်။

MPT သုံးစွဲသူများသည် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းကို MPT Ownshop များ၊ MPT Branded Shop များ၊  တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ MPT ရုံးများ (သို့မဟုတ်) အခြားသော MPT အရောင်းဆိုင်များသို့ သွားရောက်၍ ပြုလုပ်နိုင်ပါသည်။ MPT သုံးစွဲသူ များသည် မိမိတို့၏ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းကို လုပ်ဆောင်ရာတွင် ဆင်းမ်ကတ် ကိုင်ဆောင်သူ၏  တရားဝင်အမည်နှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားအမှတ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားဓါတ်ပုံ တို့နဲ့အတူ (နိုင်ငံခြားသားများအတွက် နိုင်ငံကူးလက်မှတ် Passport နဲ့ Passport ဓါတ်ပုံ)တို့ဖြင့် တိကျမှန်ကန်စွာဖြည့်သွင်းရန်လိုအပ်ပါသည်။ MPT ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းအားအောင်မြင်စွာ လုပ်ဆောင် ပြီးနောက် မိနစ် ၃၀ ခန့်အကြာတွင် ဆင်းမ်ကတ်ကို ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်မည် ဖြစ်သည်။

MPT ဆင်းမ်ကတ် မှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Hotline ဖုန်းနံပါတ် 106 သို့ ခေါ်ဆို၍ သော်လည်းကောင်း၊ MPT ၏ ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့မဟုတ် MPT ၏ တရားဝင်ဖေ့စ်ဘုတ်ခ်စာမျက်နှာဖြစ်သော www.facebook.com/mptofficialpage တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။

ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ မေလ ၅ ရက်) – တိကျမှန်ကန်သော ကိုယ်ရေး သတင်းအချက်အလက်များဖြင့် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းကို လုပ်ဆောင်ရန် နောက်ဆုံးသတ်မှတ်ရက် ကျော်လွန်သွားသော MPT သုံးစွဲသူများအနေဖြင့် ယာယီအထွက်ခေါ်ဆိုမှုပိတ်သွားသည့် ဆင်းမ်ကတ်များသည် ဆင်းမ်ကတ် မှတ်ပုံတင်ခြင်းအတွက် MPT4U အက်ပလီကေးရှင်းအသုံးပြုခြင်း (သို့မဟုတ်) MPT ၏ Customer Self-care ဝက်ဘ်ဆိုက် (သို့မဟုတ်) Call Center ၁၀၆ သို့ ဖုန်းခေါ်ဆိုခြင်းမှလွဲ၍ အထွက်ဖုန်းခေါ်ဆိုခြင်း၊ SMS စာတိုပို့ခြင်း၊ ဒေတာအသုံးပြုမှုနှင့်  အခြားသော MPT ၏ဝန်ဆောင်မှုများကို အသုံးပြုနိုင်မည်မဟုတ်ပါ။

သို့သော် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (PTD) ၏ ညွှန်ကြားချက်များအရ ဆင်းမ်ကတ် မှတ်ပုံတင်ခြင်း နောက်ဆုံးသတ်မှတ်ရက် ကျော်လွန်သွားသော MPT သုံးစွဲသူများအနေဖြင့် ယာယီအထွက် ခေါ်ဆိုမှုပိတ်သွားသော မိမိဆင်းမ်ကတ်များအတွက် အချက်အလက် မှန်ကန်စွာ စာရင်းသွင်းမှတ်ပုံတင် ခြင်းကို ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၃၀ ရက်အတွင်းပြု လုပ်နိုင်မည်ဖြစ်သည်။

ယာယီအထွက်ခေါ်ဆိုမှုပိတ်သွားသည့်  MPT သုံးစွဲသူများအနေဖြင့် မိမိတို့၏ ဆင်းမ်ကတ်များကို မှတ်ပုံတင်ရာတွင် မိမိတို့ အိမ်မှာနေ၍ အဆင်ပြေလွယ်ကူသောနည်းလမ်းများဖြစ်သည့် *601# သို့ ဖုန်းခေါ်ဆိုခြင်း (သို့မဟုတ်) MPT4U အက်ပလီကေးရှင်းမှတစ်ဆင့် (သို့မဟုတ်) MPT ၏ Customer Self-care ဝက်ဘ်ဆိုက်ဖြစ်သည့် http://care.mpt.com.mm တို့ကိုအသုံးပြု၍ အဆင်ပြေလွယ်ကူစွာ စာရင်းသွင်း မှတ်ပုံတင်ခြင်းကို ပြုလုပ်နိုင်မည်ဖြစ်သည်။

MPT သုံးစွဲသူများသည် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းကို MPT Ownshop များ၊ MPT Branded Shop များ၊  တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ MPT ရုံးများ (သို့မဟုတ်) အခြားသော MPT အရောင်းဆိုင်များသို့ သွားရောက်၍ ပြုလုပ်နိုင်ပါသည်။MPT သုံးစွဲသူများသည် မိမိတို့၏ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းကို လုပ်ဆောင်ရာတွင် ဆင်းမ်ကတ် ကိုင်ဆောင်သူ၏  တရားဝင်အမည် နှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားဓါတ်ပုံ တို့နဲ့အတူ (နိုင်ငံခြားသားများအတွက် နိုင်ငံကူးလက်မှတ် Passport နဲ့ Passport ဓါတ်ပုံ)တို့ဖြင့် တိကျမှန်ကန်စွာဖြည့်သွင်းရန်လိုအပ်ပါသည်။ MPT ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းအားအောင်မြင်စွာ လုပ်ဆောင်ပြီးနောက် မိနစ် ၃၀ ခန့်အကြာတွင် ဆင်းမ်ကတ်ကို ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်မည် ဖြစ်သည်။

SIMREG