Pragmatic Enterprise Architecture for Digital Government သင်တန်းဆင်းပွဲ အခမ်းအနား

   ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးသင်တန်းကျောင်း၏ ၂၀၂၅-၂၀၂၆ လေ့ကျင့်သင်ကြားရေးနှစ်အတွင်း Pragmatic Enterprise Architecture for Digital Government သင်တန်း၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့ နေ့လည်ပိုင်းတွင် ရုံးအမှတ် ၂ ၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

   အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်နှင်းခိုင်အေး၊ သင်တန်းဆရာ/ ဆရာမများ၊ သင်တန်းအထောက်အကူပြု တာဝန်ခံများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာန အသီးသီးမှ CIO/ACIO များနှင့် IT Project တွင် ပါဝင်ဆောင်ရွက်နေကြသူများ၊ စုစုပေါင်း သင်တန်းသား ၂၆ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

   သင်တန်းဆင်းပွဲတွင် သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးသင်တန်းကျောင်း ကျောင်းအုပ်မှ သင်တန်းဆင်း အမှာစကားပြောကြားပြီး သင်တန်းဆင်းဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ကာ သင်တန်းဆင်းပွဲ အခမ်းအနားကို ညနေ ၄:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။