မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း-လုပ်ငန်းစဉ်များ

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ လုပ်ငန်းစဉ်များ

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းစဉ်များ

 

(က) မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အဓိကလုပ်ငန်းကြီးဖြစ်သော တယ်လီဖုန်းလုပ်ငန်းများကို စီမံကိန်းများနှင့်အညီ အကောင်အထည် ဖော်ဆောင်ရွက်ခြင်း

(ခ) နိုင်ငံတော်မှချမှတ်ထားသော နှစ်တို ၊ နှစ်ရှည် စီးပွားရေးမူဝါဒများနှင့် ဆက်သွယ်ရေးဖွံ့ဖြိုးမှု စီမံကိန်းများရေးဆွဲခြင်း

(ဂ) နိုင်ငံခြားအကူအညီရယူမည့် စီမံကိန်းလုပ်ငန်းများကိုအကောင်အထည်ဖော်ဆောင်ရွက်ခြင်း

(ဃ) မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် အသုံးပြုနေသော စက်ကိရိယာများကို ခေတ်နှင့်လျော်ညီစွာ တိုးချဲ့ပြုပြင်ပြောင်းလဲ တပ်ဆင်ခြင်း တို့အတွက် အမြဲတစေ စူးစမ်းလေ့လာ၍ စီစဉ်ဆောင်ရွက်ခြင်း

(င) မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ပညာပြန့်ပွားရေးအတွက် စာအုပ်စာတမ်းများ ပြုစုခြင်း၊ သင်တန်းများပို့ချခြင်း၊ စက်မှုဆိုင်ရာ စာအုပ်စာတမ်းများ စုဆောင်း၍ စာကြည့်တိုက် ဖွင့်လှစ်ခြင်း

(စ) ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းများတွင် ကျွမ်းကျင်မှု ပိုမိုပြည့်ဝလာစေရေးအတွက် လေ့ကျင့် ပညာပေးခြင်း

(ဆ) ဆက်သွယ်ရေးဆိုင်ရာ နည်းပညာသစ်များနှင့် ခေတ်နှင့်လျော်ညီစွာ အသုံးပြုနေသော ဆက်သွယ်ရေးပစ္စည်း အသစ်အဆန်းများအား ကိုင်တွယ်အသုံးပြုရာတွင် ကျွမ်းကျင်မှု ရှိစေရန် ပြည်ပနိုင်ငံများသို့ စေလွှတ်လေ့လာခြင်း၊ ကျွမ်းကျင်မှုအတတ်ပညာရှင်များ လဲလှယ်ခြင်း၊ အတွေ့အကြုံများ နှီးနှောဖလှယ်ရေးကိစ္စများ ဆောင်ရွက်ခြင်း

(ဇ) စီမံကိန်းများနှင့်ပတ်သက်၍ တယ်လီဖုန်းလုပ်ငန်းများနှင့် ပတ်သက်သော ကိန်းဂဏန်းများကို တွက်ချက်ဖော်ထုတ်ခြင်း

(စျ) ၀န်ထမ်းရေးရာကိစ္စများကို မြို့ပြဝန်ထမ်းစည်းမျဉ်းဥပဒေများ၊ ဌာနဆိုင်ရာလက်စွဲ ဥပဒေများ၊ နည်းဥပဒေများနှင့်အညီ လုပ်ငန်းများ ပြေပြစ်ချောမွေ့စေရန် စီမံကွပ်ကဲဆောင်ရွက်ခြင်း

(ည) မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဖွဲ့စည်းပုံနှင့်အညီ ၀န်ထမ်းအင်အားစာရင်း ပြုစုထားရှိခြင်း၊ ၀န်ထမ်းများ၏ သက်သာချောင်ချိရေးနှင့် ကျန်းမာရေး၊ လူမှုရေးကိစ္စရပ်များ ဆောင်ရွက်ခြင်း

(ဋ) မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ သာမန်နှင့် ငွေလုံးငွေရင်း၊ ရသုံးမှန်းခြေ ငွေစာရင်းများကို ရေးဆွဲခြင်း၊ အတည်ပြုချက် ရယူခြင်း၊ ခွဲဝေပေးခြင်း

(ဌ) ဘဏ္ဍာရေးဝန်ကြီးဌာနမှ အခါအားလျော်စွာ ထုတ်ပြန်သော ဥပဒေ၊ နည်းဥပဒေစည်းမျဉ်း၊ စည်းကမ်းနှင့် ညွှန်ကြားချက်များကို ဌာနကြီးများ၊ ပြည်နယ်/တိုင်းဒေသကြီးရုံးများ လိုက်နာစေရန် ထုတ်ပြန်ခြင်း

(ဍ) ပြည်သူလူထုသို့ နိုင်ငံတကာစံချိန်စံညွှန်းနှင့် ကိုက်ညီပြီး ယှဉ်ပြိုင်မှုရှိသော ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်းအဖြစ် ဖြည့်ဆည်း ပေးနိုင်ရေးအတွက် နိုင်ငံတကာ ရင်းနှီးမြှပ်နှံမှုများ ရရှိအောင် နည်းလမ်းများ ရှာဖွေဆောင်ရွက်ခြင်း

(ဎ) ကျေးလက်နေပြည်သူများအထိ မိုဘိုင်းတယ်လီဖုန်းများကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် အညီ အဆင်ပြေချောမွေ့စွာ သုံးစွဲနိုင်အောင် ပြည်သူများထံသို့ တပ်ဆင်ပေးသွားရန် ဆောင်ရွက်ခြင်း

(ဏ) 3G မိုဘိုင်းဖုန်းဖြင့် အင်တာနက်အသုံးပြုနိုင်စေမည့်အပြင် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း များ ဖြစ်သည့် ICT Eco System များဖြစ်သော ( ဥပမာ- e-Government, e-Visa, e-Procurement, e-License, e-Payment, Online Billing System etc.,) တို့ကိုလည်း အသုံး ပြုနိုင်ရန် ဆောင်ရွက်ခြင်း

(တ) မြို့ပြနှင့်ကျေးလက် တယ်လီဖုန်းသိပ်သည်းဆ (Density)အား အချိုးညီညီ တစ်ပြိုင်နက် တိုး တက်စေရန် မျှော်မှန်း၍ Operator များ၏ လုပ်ငန်းဝင်ငွေမှ အချိုးတစ်ခုဖြင့် Universal Service Obligation (USO) ရန်ပုံငွေ ထူထောင်ပြီး ကျေးလက်ဒေသ တယ်လီဖုန်း သိပ်သည်းဆနှင့် ၀န်ဆောင်မှုလုပ်ငန်းများ အချိုးညီစွာ တိုးတက်လာစေရန်ဆောင်ရွက်ခြင်း