ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏-လုပ်ငန်းစဉ်များ

ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ လုပ်ငန်းစဉ်များ

ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန/ လုပ်ငန်းစဉ်များ

မူဝါဒရည်မှန်းချက်များ

 

ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် အောက်ပါမူဝါဒ ရည်မှန်းချက်များအပေါ် အခြေခံ၍ လုပ်ငန်း လျာထားချက်များ ပြည့်မီအောင် ဆောင်ရွက်လျက်ရှိပါသည် -

  • မြစ်ကြောင်းများတွင် ရေအနက်ပိုမိုပြီး ဝန်တင်အလေးချိန်တိုးတက်ရရှိစေရန်။
  • မြစ်ချောင်းရေလမ်းကြောင်းများ တည်ငြိမ်စေပြီး မြို့ရွာများ ရေတိုက်စား ကမ်းပြိုမှုမှ ကာကွယ်နိုင်ရန်။
  • ရေထုညစ်ညမ်းမှုမဖြစ်ပေါ်စေရေးကြီးကြပ်ရန်။
  • မြစ်ကြောင်းရေလမ်းများတိုးတက်လာစေရန်အတွက် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် PPP ( Public Private Partnership ) စနစ်အား အခြေခံဆောင်ရွက်သွားရန်။

 

လုပ်ငန်းစဉ်များ

 

  • စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဒေသ ရေကြီးရေလျှံကာကွယ်ရေးအတွက် နေရဉ္စရာမြစ်၊ မြစ်သာမြစ်နှင့် ၄င်းတို့အတွင်း စီးဝင်သော ချောင်းများ အတွင်းရှိ သဲနှုန်းများ ပြန်လည်တူးဖော်ခြင်း၊
  • ကုလားတန်မြစ်ကြောင်း ဘက်စုံစီမံကိန်း မြစ်ကြောင်း ထိန်းသိမ်း ပြုပြင်ရေး လုပ်ငန်း၊
  • ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် ရန်ကုန်မြို့ကိုဆက်သွယ်ထားသည့် တွံတေးတူးမြောင်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၊
  • ဧရာဝတီမြစ်အလယ်ပိုင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာနှင့် ပူးပေါင်း လေ့လာမှု များဆောင်ရွက်ခြင်း၊
  • ပဲခူးမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာနှင့်ပူးပေါင်းလေ့လာမှုများနှင့် မြစ်ကြောင်း ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊
  • မြန်မာနိုင်ငံအတွင်းရှိ မြစ်ကြီးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေအရင်းအမြစ် ဘက်စုံစီမံ ခန့်ခွဲရေး လုပ်ငန်း များအတွက် နယ်သာလန်၊ သြစတြေးလျ စသည့် နိုင်ငံများ/နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊
  • ကမ္ဘာ့ဘဏ်မှ ချေးငွေဖြင့် ဆောင်ရွက်နေသည့် ဧရာဝတီမြစ်ဝှမ်း ဘက်စုံစီမံခန့်ခွဲမှု စီမံကိန်း(AIRBMP)၏ လုပ်ငန်းများ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊
  • တစ်နိုင်ငံလုံးအတိုင်းအတာကို လွှမ်းခြုံသောရေဥပဒေ (Water Law) ရေးဆွဲခြင်းအတွက် ပူးပေါင်း ဆောင်ရွက်ခြင်း၊
  • ဧရာဝတီမြစ်ဝှမ်းဒေသ ဖွံ့ဖြိုးရေးအတွက် ရေကြောင်းသွားလာမှု အထောက်အကူပြု ဘက်စုံသုံး ရေထိန်းတမံများ တည်ဆောက်ရေး အသေးစိတ် လေ့လာခြင်းနှင့် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်း။