2016 ASEAN ICT Award အတွက် ဖိတ်ခေါ်

2016 ASEAN ICT Award
၂၀၁၆ ခုနှစ် အာဆီယံ အိုင်စီတီပြိုင်ပွဲ ၂၀၁၆ သို့ ICT လုပ်ငန်းရှင်များ ပါဝင်ယှဉ်ပြိုင်ရန်ဖိတ်ခေါ်ခြင်း

အာဆီယံဒေသတွင်း ICT နည်းပညာဆိုင်ရာ တီထွင်ဆန်းသစ်မှုများအတွက် ASEAN ICT Masterplan အရ TELMIN နှင့် ASEAN Telecommunication and Information Technology Senior Officials Meeting (TELSOM) ၏စီစဉ်ဆောင်ရွက်မှုအောက်တွင် ASEAN ICT Awards ပြိုင်ပွဲအား ၂၀၁၂ ခုနှစ်မှစတင်၍ နှစ်စဉ်ကျင်းပခဲ့ရာ ယခု ၂၀၁၆ ခုနှစ်တွင်လည်း ASEAN ICT Awards ပြိုင်ပွဲကို နှစ်စဉ်ကျင်းပမြဲအတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ရာ TELMIN အစည်းအဝေးအလှည့်ကျ သဘာပတိအဖြစ်တာဝန်ယူဆောင်ရွက်မည့် ဘရူနိုင်းနိုင်ငံမှ  organize  ပြုလုပ်၍ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ ပြိုင်ပွဲကို အဆင့်(၄)ဆင့်ဖြင့် ပြုလုပ်ထားပြီး ပထမအဆင့်တွင် ယှဉ်ပြိုင်သူများသည် ပြိုင်ပွဲဝင်အချက်အလက်များကို သက်ဆိုင်ရာ Country    Coordinator  မှတဆင့်  TELSOM သို့ ပေးပို့လျှောက်ထားရမည်ဖြစ်ပါသည်။  ဒုတိယအဆင့်တွင် ပဏာမရွေးချယ် စိစစ် ထားသည့် ပြိုင်ပွဲဝင်များ၏ Presentation ကို ASEAN  နိုင်ငံများ၏ ပြိုင်ပွဲအကဲဖြတ်ဒိုင်များမှ Online ဖြင့် Preliminary Judging ပြုလုပ်မည်ဖြစ်ပြီး၊ တတိယအဆင့်တွင်  ASEAN TELSOM Leader  များနှင့် ရွေးချယ်ခံရသူ ပြိုင်ပွဲဝင်နိုင်ငံများ၏ အကဲဖြတ်ဒိုင်တို့မှ Final Judging ပြုလုပ်ခြင်း နှင့်စတုတ္ထအဆင့် (နောက်ဆုံးအဆင့်)တွင် ဆုရရှိသူများကို ASEAN Telecommunication Ministers Meeting (TELMIN) အစည်းအဝေးကြီးတွင် ဆုပေးအပ်ချီးမြှင့်သွားမည် ဖြစ်ပါသည်။

ပြိုင်ပွဲအမျိုးအစားအားခေါင်းစဉ် (၆) ခုဖြင့် သတ်မှတ်ထားပြီး ယင်းတို့မှာ-
1.    Public Sector
2.    Private Sector
3.    Corporate Social Responsibility
4.    Digital Content
5.    Startup Company  နှင့်
6.     Research and Development  တို့ဖြစ်ပါသည်။
အဆိုပါ ပြိုင်ပွဲအမျိုးအစား (၆) မျိုးအတွက် တစ်မျိုးချင်းစီတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုများ ပေးအပ်မည်ဖြစ်ပြီး ဆုရရှိသူများကို ASEAN ICT Awards ဆုတံဆိပ်နှင့် အသိအမှတ်ပြု လက်မှတ်များ ချီးမြှင့်သွားမည်ဖြစ်ပါသည်။

ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်လိုသူများသည် ၂၀၁၆ ခုနှစ် မတ်လ ၁၄ ရက်နေ့မှစတင်၍    ၂၀၁၆ ခုနှစ် ဇွန်လ ၁၇ ရက်နေ့အထိ Entry Form နှင့် မိမိတို့ယှဉ်ပြိုင်မည့် အကြောင်းအရာအား (၂) မိနစ်မှ (၅) မိနစ်ခန့် ဗွီဒီယိုဖိုင်အား .avi format ဖြင့်ပြုလုပ်ပေးပြီး မြန်မာနိုင်ငံ၏        ASEAN ICT Awards Country Coordinator ဖြစ်သည့်၊ ဒေါ်အေးအေးသင်း၊ e-mail -  [email protected], Phone No - 01-652307 ထံသို့ ပေးပို့လျှောက်ထားရန် ဖြစ်ပါသည်။ ASEAN ICT Awards ၂၀၁၆ နှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက်များ သိရှိလိုပါက www.aseanictaward.com တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ အာဆီယံရေးရာဌာနခွဲ၊ ဖုန်းအမှတ် ၀၆၇-၄၀၇၂၃၁ ထံသို့လည်းကောင်း၊ ဒေါ်အေးအေးသင်း (တွဲဘက်အတွင်းရေးမှူး)  မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊ ဖုန်းအမှတ် ၀၁-၆၅၂၃၀၇ ထံသို့လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါကြောင်းနှင့် ပြိုင်ပွဲဝင်လျှောက်လွှာများကို အချိန်မီပေးပို့နိုင်ပါရန် ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း ICT ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေသူ ပြိုင်ပွဲဝင်များနှင့် စိတ်ပါဝင်စားသူများအား ပြိုင်ပွဲသို့ ပါဝင်ဆင်နွဲနိုင်ပါရန် အသိပေးဖိတ်ခေါ်အပ်ပါသည်။