The World Bank ကိုယ်စားလှယ်အဖွဲ့ အားလက်ခံတွေ့ဆုံ

၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ (၆)ရက် (ဗုဒ္ဓဟူးနေ့) နေ့လည် (၁၃:၀၀) နာရီတွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ၀န်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဦးမြတ်ဟိန်း အား The World Bank မှ Regional Coordiantor & ICT Policy Specialist ၊ Ms. Tenzin Dolma Norbhu ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ပြည်ထောင်စုုဝန်ကြီးရုံး ဧည့်ခန်းမ တွင် လာရောက် ဂါရဝပြု တွေ့ဆုံခဲ့ပါသည်။

ဂါရဝပြု တွေဆုံပွဲ သို့ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ၀န်ကြီးဌာန ဒုတိယဝန်ကြီး ဦီးဝင်းသန်း၊ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်  ဦးခင်မောင်သက်၊  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အထွေထွေမန်နေဂျာ ဦးကျော်စိုးဝင်း၊ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင် နှင့် အခြား တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် regulation အပေါ် public consultation ရယူခြင်းများ စတင်နေပြီဖြစ်ကြောင်း၊မိမိတို့အနေနှင့်  နိုင်ငံတကာ စံနှုန်းအတိုင်းပဲ သွားလိုကြောင်း၊ အခက်အခဲများ စိန်ခေါ်မှုများ ဆိုသည်မှာလည်း ကြုံတွေ့ရမြဲ ဖြစ်ကြောင်း၊ သို့သော် ၄င်းစိန်ခေါ်မှုများကို ကျော်လွှားနိုင်မယ်လို့ ယုံကြည်ကြောင်း၊ MPT၊ PTD နှင့် ၀န်ကြီးဌာန စသည့် ၄င်းဌာန (၃)ခု ဟန်ချက်ညီညီ ပေါင်းစပ်လုပ်ကိုင်မှ အဆင်ပြေမှာဖြစ်ကြောင်း၊ မိမိတို့ဘက်မှ အတတ်နိုင်ဆုံး လုပ်ပေးစရာရှိတာ လုပ်ပေးရန် အဆင်သင့်ဖြစ်ကြောင်း၊ Telecom Law ကို အင်္ဂလိပ်ဘာသာပြန်ခြင်းကို လည်းလုပ်ဆောင်နေပြီဖြစ်ကြောင်း၊  ပွင့်လင်းမြင်သာမှုရှိဖို့ နှင့်  ဘက်လို်က်မှုမရှိအောင် အဓိကထားကြောင်း၊ World Bank ဘက်မှလည်း ပွင့်ပွင့်လင်းလင်း အကြံပေးနိုင်ကြောင်း ပြောကြားခဲ့သည်။

World Bank မှ Regional Coordinator & ICT Policy Specialist ဖြစ်သူ Ms.Tenzin Dolma Norbhu မှ လည်း public consultation fo regulation ကဏ္ဍ နှင့် Telecom Sector Reform ကဏ္ဍများ နှင့် ပတ်သက်၍ ဆွေးနွေးအကြံပြု ခဲ့ပါသည်။ ဆက်လက်၍ Telecom ကဏ္ဍဝန်းကျင်ဖွ့ံဖြိုးတိုးတက်စေရန်နှင့် မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင်ဆက်သွယ်ရေးဝန်ဆောင်မှုများ တိုးချဲ့သုံးစွဲနိုင်ရန်ရေး၊ နှင့် e-Government Foundation နှင့် ပြည်သူများ၏ စွမ်းဆောင်ရည် တိုးတက်စေမည့် သင်ကြားရေးအစီအစဉ်များ တည်ဆောက်နိုင်ရေး၊ e-Government တွင် အဓိကလုပ်ဆောင်ရမည့် လုပ်ငန်း ၃ ခုဖြစ်‌သည့် National Portal, Data Center နှင့် Standardization တို့အတွက် လုပ်ငန်းများ လုပ်ကိုင်နိုင်ရေး World Bank မှ မတည် ထောက်ပံ့မည်ဖြစ်ကြောင်း ဆွေးနွေး တင်ပြခဲ့ပါသည်။

တွေ့ဆုံ ဆွေးနွေး မှုကို နေ့လည် (၁၃:၃၀) နာရီ အချိန်တွင် ရပ်နားခဲ့ကြောင်း သတင်းရရှိ ပါသည်။